၁၀ ရက်အတွင်း သုံးကြိမ်မြောက်ပြုလုပ်သည့် ကြံ့ခိုင်ရေးပါတီ သတင်းစာရှင်းလင်းပွဲ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အသစ်ဖွဲ့စည်းလိုက်သည့် ပါတီခေါင်းဆောင်များဖြစ်သော အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတို့ ဩဂုတ် ၂၂ရက်က ပါတီရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)
အဆိုပါ သတင်းစာရှင်းလင်းပွဲသည် ပါတီ၏ ပူးတွဲဥက္ကဌ သူရဦးရွှေမန်းအား ရာထူးမှဖယ်ရှားခဲ့သည့် ဩဂုတ် ၁၃ရက်ပြီးနောက် သုံးကြိမ်မြောက်ပြုလုပ်သည့် ရှင်းလင်းပွဲဖြစ်သည်။ သူရဦးရွှေမန်းသည် လက်ရှိတွင် ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်ရှိနေပြီး ၎င်းအနေဖြင့် ပါတီမှ နှုတ်ထွက်သွားမည်ကို စိုးရိမ်မှုလုံးဝမရှိဟု ဦးတင်နိုင်သိန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ အောင်နိုင်ရေးအတွက် ဦးဌေးဦးက ဦးဆောင်မည်ဟုလည်း ဆိုသည်။