ဆန္ဒပြပြီး ရှစ်လခန့်ကြာမှ NLD ရပ်ကျေးဥက္ကဋ္ဌကို ခေါ်ယူစစ်ဆေး

စစ်ကိုင်းမြို့၊ စစ်တကောင်းရပ်ကွက်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌ ကိုသန်းထိုက်ဦးကို ၂၀၁၅ ခုနှစ် သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့မ ရဲစခန်းမှ ခေါ်ယူစစ်ဆေးအပြီး တွေ့ရစဉ်။ (ဓာတ်ပုံ- ဘိုဘို၊မဇ္ဈိမ)
ကိုသန်းထိုက်ဦးကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးအား ဖြုတ်ချပေးရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်က ဆန္ဒထုတ်ဖော်မှု၊ ၂၀၁၅ ခုနှစ် မတ်လ ၃ ရက်ကပင်မကျောင်းသားသပိတ်မှ ကျောင်းသားမိဘ အနေဖြင့်ဟောပြောမှု နှစ်ခုအတွက် ခေါ်ယူစစ်ဆေးခြင်းဖြစ်သည်ဟု ကာယကံရှင်က ပြောသည်။