ပုသိမ်ကြီး မြို့နယ် အတွင်းရေလွှတ်ရာ သို့ရွှေ့ပြောင်းရ သည့်ကျေးရွာများ အကူအညီ လိုအပ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကြံ့ခင်း၊ ကံသစ်ကုန်း၊ ရေဝန်း၊ ပေါက်မြိုင်၊လှိုင်းပေါက်၊သရက်တစ်ပင်၊ ရဲထွတ်၊စက်ရိပ်၊ဒုန်းကုန်း၊ ပုဂံတပ်၊ဝင်းခြံ၊အာလောင်၊ ဟင်းရွက်စု၊ဂျိုင့်ကြီး၊ ညောင်ပင်သာ ၊သံဘိုကျွန်း ကျေးရွာ တို့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေလွှတ် ရာ သို့ပြောင်းရွှေ့ရာတွင် အခက်အခဲများရှိနေသောကြောင့် အကူအညီများ လိုအပ်လျှက်ရှိသည် ဟု ကြံခင်းကျေးရွာမှ ကိုအောင်အောင် ကပြောသည်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
အဆိုပါရေများသည် ဇူလိုင် ၂၅ ရက် မှစတင်ဝင်ရောက်လာပြီး အိမ်ခြေ ၄၀၀ ကျော် ရေမြုပ်နေကာ တချို့မှာ ပြောင်းရွှေ့ရန်အခက်အခဲများဖြစ်နေသောကြောင့် ထိုကျေးရွာများရှိ ရွာဦးကျောင်းများတွင် သွားရောက်ခိုလုံနေရသည်ဟုလည်း အသက် ၈၀ ကျော် ဒေါ်ခင် က ဆိုသည်။
ကြံ့ခင်းကျေးရွာ ရွာဦးကျောင်းဆရာတော် ဦးတိက္ခာစာရ က သက်ကြီးရွယ်အိုးများနှင့် ကလေးငယ် များအား ခေါ်ယူစောင့်ရှောက်ထားသည်ဟုလည်း မိန့်ကြားသည်။
အဆိုပါကျေးရွာများသို့ သက်ဆိုင်ရာနှင့် လူမှုကူညီရေးအသင်းများမှ လာရောက်ကူညီ ပေးခြင်း မရှိသေးဟုလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။