လူတိုင်းလက်လှမ်းမှီသည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ညီလာခံကျင်းပ

လူဦးရေ ၇၀၀ခန့်တက်ရောက်သည့် ပထမဆုံးအကြိမ် အမျိုးသားအဆင့် ကျန်းမာရေးညီလာခံ ကို နေပြည်တော်ရှိ MICC-2 တွင် ဇူလိုင် ၂၇ က ကျင်းပစဉ်(ဓာတ်ပုံ- မင်းမင်း၊ မဇ္ဈိမ)၊
နှစ်ရက်ကြာကျင်းပမည့် အဆိုပါဖိုရမ်သို့ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးလုပ်သားများဆိုင်ရာ အသင်းအဖွဲ့နှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ကျွမ်းကျင်သူများ တက်ရောက်ကြသည်။ ညီလာခံ၏ ရည်ရွယ်ချက်သည် လာမည့် ၁၅နှစ်တွင် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောင့်မှုစနစ်ကို တည်ဆောက်ရန်ဖြစ်သည်။