စစ်ကိုင်းမြို့ မြို့တည်နန်းတည် နှစ် ရ၀၀ပြည့်ပွဲ အတွက်ပြင်ဆင်နေပြီ

စစ်ကိုင်းမြို့ မြို့တည်နန်းတည် နှစ်(၇၀၀)ပြည့်ပွဲတော် ကျင်းပရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ပြင်ဆင်နေစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ)
၎င်းပွဲကို ဇူလိုင် ၂၆ ရက်မှ ဇူလိုင် ၂၉ ရက်အထိ စစ်ကိုင်းမြို့ ပါရမီရပ်ကွက် နှစ် (၇၀၀)ပြည့် ကွင်းတွင် ကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းမြို့မှ အထင်ကရ လက်မှုလုပ်ငန်းများ နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝနကြီးဌာနအလိုက် ပြခန်းများကို ပြသသွားမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ စစ်ကိုင်းမြို့ အိုးဘို အဝိုင်းပတ်၌ အသင်္ခယာစောယွန်း ရုပ်တု ဖွင့်ပွဲကို ပြုလုပ်သွာမည်ဖြစ်သည်။