​ဒေါ်​အောင်​ဆန်​းစုကြည်​ ​ရှေး​ဟောင်​းသု​တေသနပြတိုက်​သို့ သွား​ရောက်​

#မဇ္ဈိမ
ပုဂံဒေသကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံရှေးဟောင်းသုတသနပြတိုက်ကို ဒီကနေ့ နံနက် ၉နာရီ၊ ၄၅မိနစ်မှာ သွားရောက်ခဲ့ပါတယ်။
ငလျင်ဒဏ်သင့် စေတီပုထိုးတွေနဲ့ပတ်သက်ပြီး ပြတိုက်တာဝန်ရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းတင်ပြနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ၂၀၁၁ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းတုန်းက သားငယ်ဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ် နဲ့အတူ ပုဂံဒေသကို လာရောက်ခဲ့ဖူးပါတယ်။
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)