AYA Bank Cup 2016 လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲပွဲစဉ်များအပြီး၌ ဗီယက်နမ်အသင်းက ပထမ၊ စင်ကာပူအသင်းက ဒုတိယ နှင့် အိမ်ရှင်မြန်မာအသင်းက တတိယဆုတို့ အသီးသီးရရှိခဲ့ကြသည်။ ဆုပေးပွဲတွင် ပထမဆု ဒေါ်လာ 20000၊ ဒုတိယဆု ဒေါ်လာ 10000 နှင့် တတိယဆု 5000 တို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ (ဓာတ်ပုံ-ရွှေဘုတ် / Mizzima)