ဖိုးချစ်တည်ထောင်သော မဟာယူနို်က်တက်အသင်း ပရိသတ်နှင့် မိတ်ဆက်ပွဲ ပြုလုပ်

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ တွင် မင်းသားဖိုးချစ် ဦးဆောင်၍ ရုပ်ရှင်သရုပ်ဆောင်အချို့ ပါဝင်ကစားသည့် မဟာယူနိုက်တက်အသင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လည်၌ အောင်ဆန်းကွင်းတွင် ပရိသတ်နှင့် မိတ်ဆက်ပွဲပြုလုပ်ခဲ့သည်။ အဆိုပါမိတ်ဆက်ပွဲ၌ အနုပညာရှင်များက လာရောက်ဖြေဖျော်မှု ပြုလုပ်ခဲ့သည့်အပြင် ပရိသတ်များကိုလည်း ကံစမ်းမဲအစီအစဉ်များ မဲဖောက်ပေးခဲ့သည်။
ဓာတ်ပုံ - ရွှေဘုတ် / Mizzima