လယ်ယာမြေပြန်ရရေး ကူညီဆောင်ရွက်ပေးသူ ကိုမျိုးဝင်း ရ ကြိမ်မြောက် ရုံးထုတ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ဂေါက်ကွင်းတည်ဆောက်ရန် သိမ်းဆည်းခဲ့သော လယ်ယာမြေများအနက် ပိုလျှံမြေများ ပြန်လည်ရရှိအောင်ဆောင်ရွက်သူ (FACILITATORS NETWORK FOR INTEREST OF FARMER AND LABOUR)မှ ဗဟိုကော်မတီဝင် ဦးမျိုးဝင်းကို ဇန်နဝါရီ ၂၇ ရက်၊ နံနက်ပိုင်းက ၇ ကြိမ်မြောက်ရုံးထုတ်လာစဉ်။
အဆိုပါရုံးထုတ်ရာသို့ မြေသိမ်းဆည်းခံတောင်သူ ၁၀၀ ဦးကျော်တို့က လာရောက်အားပေးတွေ့ဆုံခဲ့သည်။ အဆိုပါ ကိုမျိုးဝင်းကို ၂၀၁၅ခုနှစ်၊အောက်တိုဘာလအတွင်းက ပုသိမ်းကြီးမြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၆/၁ ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)