ဖေဖော်ဝါရီ ၁၃
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
ချီတက် ဆန္ဒပြရာတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် “ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ” ဆိုသည့် ဘန်နာ ကိုင်စွဲကာ လမ်းပေါ်တက်ပြီး စစ်အာဏာရှင် သပိတ်မှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။