ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်း၊ တာမွေမြို့နယ် တာမွေမီးပွိုင့် အနီးရှိ Mytel အရောင်းပြခန်းအား ယနေ့ ဖေဖော်ဝါရီလ ၈ ရက် မနက် ၅ နာရီ ၃၀ မိနစ်တွင် ဗမာ့လူငယ်ကွန်ရက်အဖွဲ့က ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
"လူထိခိုက်မှုတော့ မရှိဘူးဗျ။ မီးစက်အကြီး တစ်လုံးနဲ့ CCTV တစ်လုံးတော့ ပျက်တယ်လို့ လောလောဆယ် ကြားရပါတယ်ဗျ၊ လတ်တလော ဆိုင်ပိတ်ထားတယ်လို့ သိရပါတယ်" ဟု ၎င်းအဖွဲ့ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီနှင့် သက်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများ အပြင် ပတ်သက် ဆက်နွယ်နေသော အနွယ်ဝင်များ အားလုံးကို အပြီးသတ် သုတ်သင် ရှင်းလင်းနိုင်ရန် ကြိုးပမ်းမည်ဟုလည်း ဗမာ့လူငယ်ကွန်ရက်အဖွဲ့က ထုတ်ပြန်ထားသည်။