ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ ဖားကန့်လုံးခင်း ရတနာမြေတွင် ဩဂုတ်၂၉ရက်က COVID-19 ရောဂါပိုးရှိမရှိ စစ်ေဆးရာ လူအယောက် ၄၀ တွင် ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဖားကန့်မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။
COVID-19ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၇ဦး စုစုပေါင်း ၄၅ ဦး တွင် ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
၎င်းတို့မှာ ယခင်က COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများဖြစ်သည်။
ပိုးတွေ့ ၄၅ ဦးတွင် အယောက် ၃၀ ကျော်သည် နေအိမ်၌သာ ကုသမှုခံယူနေကြောင်း သိရသည်။
ပိုးတွေ့လူနာများတွင် လုံးခင်းကျေးရွာ၊ ဆိပ်မူကျေးရွာအုပ်စုနှင့် မမုံကျေးရွာမှ အများဆုံးပါဝင်ကာ စပေါ့ကျေးရွာ၊ မက်လင်ချောင်ကျေးရွာတို့မှ သူများလည်း ပါဝင်ကြောင်းသိရသည်။
ပို့တွေ့လူနာများတွင် အသက်ခြောက်ဆယ်ကျော် အရွယ်နှစ်ဦးနှင့် အသက်ဆယ်နှစ်အောက် နှစ်ဦးပါဝင်ကြောင်း သိရသည်။