အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့အခြေစိုက် Bharat Biotech ဆေးကုမ္ပဏီ၏ အန်ကလက်ရှဝါမြို့မှ Chiron Behring စက်ရုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Covaxin ကို ထုတ်လုပ်ရန် အစိုးရက ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီး မန်ဆူခါ မန်ဒါဝီယက ဩဂုတ် ၁၀ ရက်တွင် ၎င်း၏ တွစ်တာ၌ ရေးသားခဲ့သည်။
ယခုခွင့်ပြုချက်သည် နိုင်ငံတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့် လုပ်ငန်းအတွက် အထောက်အကူ ရရှိစေမည်ဖြစ်ကြောင်းလည်း ဓာတုပစ္စည်းများနှင့်မြေဩဇာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနများကို ဦးဆောင်နေသူဝန်ကြီး မန်ဆူခါ မန်ဒါဝီယက ရေးသားထားသည်။
Bharat Biotech ကုမ္ပဏီက ဂူဂျာရတ်ပြည်နယ်ရှိ ၎င်း၏ စက်ရုံမှ Covaxin ဆေး လုံးရေ သန်း၂၀၀ ကို ထပ်မံထုတ်လုပ်သွားမည်ဟု ယခုနှစ် မေလအတွင်းက ထုတ်ပြန်ခဲ့သည်။