ဇူလိုင် ၁၀
မူဆယ်မြို့တွင် ကိုဗစ်ပိုးပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ချင်း ထိဆက်နေသော လမ်းများအား ဒေသခံများက ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် လော့ဒေါင်း ချလိုက်သည်။
မူဆယ်မြို့တွင်း လမ်းအချို့ကို ပိတ်ဆို့၍ အသွားအလာကန့်သတ်ခြင်းကို ယနေ့(ဇူလိုင်၁၀ ရက်)တွင် စတင်လိုက်ခြင်းဖြစ်သည်။
" ငါးရက်အတွင်းလူ သုံးရာကျော်ပိုးတွေ့ တယ်။ တရားဝင်ဆေးရုံမှာသေတာက သုံးဦး။စာရင်းပျောက်အင်းပျောက်သေက အများကြီးမလို့ပါ" ဟု လမ်းများပိတ်၍ အသွားအလာကန့်သတ်လိုက်သည့်အကြောင်းရင်းကိုမြို့ခံတစ်ဦးကပြောသည်။
ကိုဗစ်တတိယလှိုင်းအတွင်းမူဆယ်မြို့တွင် ပိုးတွေ့လူနာ လေးရာခန့်အထိ ရှိနေသည်။ မူဆယ်နှင့် ထိစပ်နေသော တရုတ်နိူင်ငံဘရွှေလီနှင့် ကျယ်ခေါင်မြို့တွင်လည်း ကိုဗစ်ရောဂါ ကူးစက်မှု ပြန်လည်ဖြစ်ပွားနေပြီး မြန်မာနှင့်နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ထားသည်။