ဇူလိုင် ၁၀
ပုသိမ်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်သူရဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၄ နာရီလောက်က ဆေးကုသမှုခံယူနေစဥ်အချိန်မှာပဲအသက်ရှုကြပ်ပြီးသေဆုံးခဲ့တာလို့သိရပါတယ်။
"သူက ရောဂါအခံရှိတာကြောင့်ထင်ပါတယ်၊ကိုဗစ်လဲကူး ရောဂါအခံကလဲရှိတော့ ဘယ်ခံနိုင်မလဲ အသက်အဲ့လောက်မကြီးသေးဘူးဆိုပေမယ့် အသက်ကြီးပိုင်းတော့ ရောက်နေပြီလေ ဒီနေ့မနက်ပိုင်းမှာ ဆုံးတယ်လို့ သတင်းကြားရတာ"လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့သိရပြီး ဇွန်လမှ စတင်ပြီး ဒီကနေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူ ၄၀ ကျော်ထိရှိလာပြီလို့လည်းသိရပါတယ်။