အင်္ဂါဂြိုဟ်သို့ သွားရောက်သည့် တရုတ်နိုင်ငံ၏ ပထမဦး မောင်းသူမဲ့ အာကာသယာဉ်သည် မေ ၁၅ ရက်က အဆိုပါဂြိုဟ် မျက်နှာပြင်သို့ အောင်မြင်စွာ ဆက်သက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲရေးအဖွဲ့ (CNSA) က ထုတ်ပြန်လိုက်သည်။
ယခုအခါ တရုတ်နိုင်ငံသည် အမေရိကန်ပြီးနောက် အင်္ဂါဂြိုဟ်သို့ အာကာသယာဉ် အောင်မြင်စွာ စေလွှတ်နိုင်သည့် ဒုတိယနိုင်ငံဖြစ်လာသည်။
Tianwen-1 ဟု အမည်ပေးထားသည့် မောင်းသူမဲ့ တရုတ်အာကာသယာဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၃ ရက်က စေလွှတ်ခဲ့ပြီး ဂြိုဟ်ပတ်ယာဉ်၊ ဆက်သက်ယာဉ်နှင့် အင်္ဂါဂြိုဟ်ပေါ်တွင် သွားလာသည့် ယာဉ်တို့ကို သယ်ဆောင်သွားခဲ့သည်။
ယူတိုးပီးယား ပလန်နီတီးယားဟု အမည်ပေးထားသည့် လွင်ပြင်ကျယ်တွင် Tianwen-1 အာကာသယာဉ် ဆင်းသက်ခဲ့ပြီး တရုတ်နိုင်ငံ၏ ခြေရာအမှတ်အသားအား အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံးအကြိမ်ချနိုင်ခဲ့ကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
Tianwen-1 သည် ဆင်းသက်ပြီးသည် ဂြိုဟ်ပတ်ယာဉ်ကို မေ ၁၂ ရက် 1700 GMT တွင် စွန့်ခွာခဲ့ပြီး ၃ နာရီအကြာတွင် Martian လေထုအတွင်းသို့ ဝင်သွားခဲ့သည်။
အဆိုပါ အာကာသယာဉ်တွင် နေရောင်ခြည် စွမ်းအင်သုံး Zhurong ဟု အမည်ပေးထားပြီး ၂၄၀ ကီလီဂရမ် အလေးချိန်ရှိ ဂြိုဟ်ပတ်ယာဉ်ပါရှိပြီး စွမ်းအားမြင့်ကင်မရာ တပ်ဆင်ထားကာ ဘီး ၆ လုံးပါတင်၍ တစ်နာရီလျှင် မီတာ ၂၀၀ အထိ သွားနိုင်သည်။
Zhurong ဂြိုဟ်ပတ်ယာဉ်သည် အင်္ဂါဂြိုဟ်၏ မြေမျက်နှာပြင်နှင့် လေထုတို့ကို လေ့လာသွားမည် ဖြစ်သလို မြေပြင်ထွင်းဖောက်ကြည့်နိုင်သည့် ရေဒါကို အသုံးပြုကာ ရှေးယခင် သက်ရှိတို့၏ အမှတ်အသားလက္ခဏာများကို ရှာဖွေသွားမည်ဖြစ်သည်။