ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက အောက်ရေဖြူ၊ သဗြေရှောင်၊ မောင်းမကန်၊ ကမြောကင်း၊ နခံတော စသည့် ကျေးရွာသပိတ်စစ်ကြောင်းများဟာ မေလ ၈ ရက် နဲ့ ၉ ရက်နေ့ တွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။
အောက်ရေဖြူ၊ သဗြေရှောင် ကျေးရွာသပိတ်စစ်ကြောင်းများက မေလ ၈ ရက်နေ့ညနေပိုင်းက ဆန္ဒထုတ်ခဲ့ကြပြီး၊ မောင်းမကန်၊ ကမြောကင်း၊ နခံတော ကျေးရွာသပိတ်စစ်ကြောင်းများကတော့ မေလ ၉ ရက်နေ့ မှာ အာရုဏ်ဦးသပိတ်ပြုလုပ်၍ ဆန္ဒပြခဲ့ကြပါတယ်။