သင်္ကြန်အကျနေ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဆင်နွဲှခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ကိုယ့်လူထုကို အကြမ်းဖက် သတ်ဖြတ်နေတာတွေ ရပ်တန့်ရေး နိုင်ငံတကာက ထိထိရောက် မဟန့်တားဘူးဆိုရင် ဆီးရီးယားနိုင်ငံမှာကြုံတွေ့ရတဲ့ ဘေးဒုက္ခအန္တရယ်မျိုး၊ လူတွေ သန်းနဲ့ချီဘေးဒုက္ခ ရောက်ရတဲ့ အမှားတွေ ထပ်ကြုံရလိမ့်မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က သတိပေးပါတယ်။
ဒီလို နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေကိုလည်း ဧပြီလ ၁၅ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။