မတ် ၂၁။
ဆလိုင်းဇိုးသန့်
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်ပေးဆပ်ခဲ့ရသည့် သူရဲကောင်း ၅ ဦးအား ရည်စူး၍ ဆုတောင်းပွဲကို ယနေ့ည၌ ပြည်သူလူထုက ပြုလုပ်ကြသည်။
ကလေးမြို့တွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုရှိနေသော်လည်း
ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ယနေ့အထိ နေ့ရောညပါ ဆန္ဒပြလျက်ရှိသည်။