ဥရောပသမ္မဂ ကော်မရှင်သည် လုံခြုံရေးနှင့် လိုင်စင်ဆိုင်ရာ ရှုပ်ထွေးမှုများကြောင့် ပါကစ္စတန်လေကြာင်းများအား သူတို့၏ နယ်မြေတွင် ပျံသန်းရန် တားမြစ်ချက်အား ရုတ်သိမ်းရန် ဗုဒ္ဓဟူးနေ့က ငြင်းဆိုလိုက်သည်။
ဥရောပသမ္မဂကော်မရှင်က လေယာဉ်မှူးအဖြစ် ထုတ်ပေးခြင်းသည် မှားနိုင်စရာမရှိသော သံခင်းတမန်ခင်းကျင့်ဝတ်နှင့်အညီ ပြုလုပ်ရမည်ဖြစ်ကြောင်းဆိုကာ ပါကစ္စတန် လေကြာင်းဌာနသည် သူ၏ လေယာဉ်မှူးလိုင်စင်အာဏာကို ပိုမိုပွင့်လင်းမြင်သာအောင်လုပ်သင့်ကြောင်း ဆိုခဲ့သည်ဟု ARY News က တင်ပြထားသည်။
ဥရောပသမ္မဂသည် ပါကစ္စတန် လေကြောင်းလုပ်ငန်း၏ လုံခြုံရေးလုပ်ထုံးလုပ်နည်းများအား ဆန့်ကျင်ခဲ့သည်။ ၎င်းတို့အား EU မှ ပြန်လည် ပြေးဆွဲခွင့်မပြုခင် ပြင်ဆင် တိုးတက်ရန် လိုအပ်ကြောင်း ဆိုခဲ့သည်။
ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(PIA)သည် ဥရောပသမ္မဂနိုင်ငံများသို့ ပျံသန်းပြေးဆွဲမှုများအား ရပ်ဆိုင်းပြီးနောက် ၂၈၀ မီလီယံရူပီးအရုံးပေါ်ခဲ့ကြောင်း လေကြောင်းဝန်ကြီး Ghulam Sarwar က အောက်တိုဘာလတွင် အမျိုးသားလွှတ်တော်ကို တင်ပြခဲ့သည်။
အမျိုးသားလေကြောင်းလိုင်းမှ ဥရောပသမ္မဂအုပ်စုသို့ ပျံသန်းပြေးဆွဲမှုမှ အမြတ်အစွန်းသည် ၂၀၂၀ ဇူလိုင်-ဩဂုတ်အတွင်း ၁.၆၉ဘီလီယံ ရူပီးမှ ၁.၄၁ဘီလီယံ ရူပီးသို့ ကျဆင်းသွားကြောင်း သူ၏ရေးသားချက်တွင် ဖော်ပြထားကြောင်း ARY News က တင်ပြထားသည်။
ပြီးခဲ့သောလတွင် ပါကစ္စတန် အပြည်ပြည်ဆိုင်ရာ လေကြောင်းမှ ဝန်ထမ်း ၇၀၀၀ ခန့်သည် မိမိဆန္ဒအလျောက် အလုပ်မှ ရပ်နားခြင်းခံခဲ့ရကြောင်း သူက ဆိုခဲ့သည်။