ဒီဇင်ဘာ ၂
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချန်ဖိုင်းခရိုင်တွင် ဘိန်းစေ့ ၅၆၀၀ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အဆိုပါဘိန်းစေ့များမှာ မြန်မာပြည်ဘက်ကသယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကား၍ ပီတီအိုင် သတင်းဌာနက ရေးသားထားသည်။
အိန္ဒိယရူပီးငွေ ၂၅ သိန်းကျော်တန် ဘိန်းစေ့များကို အိတ်ရှစ်လုံးတွင် ထဲ့ထားခဲ့ပြီး ကားပေါ်တွင် တရားမဝင် သယ်ဆောင်လာခဲ့ရာ သတင်းပေးတိုင်ကြားမှုအရ အိန္ဒိယ- မြန်မာနယ်စပ် ဇို့တလန်- ရူရန်လန် ဧရိယာတွင် အာသံရိုင်ဖယ်တပ်နှင့် အကောက်ခွန်တို့က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဘိန်းစေ့များနှင့် ကားကို အကောက်ခွန်ဌာနက သိမ်းဆည်းထားသည်ဟု သိရသည်။