တရုတ်ပြည်သူတွေ နေ့စဉ်စားသောက်ကြတဲ့ ရိုးရာအစားအစာတမျိုးကတော့ ခေါက်ဆွဲပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမြို့တော် ဘေကျင်းက ခေါက်ဆွဲဆိုင်လေးတခုကို အမေရိကန်ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ဂျိုးဘိုင်ဒန် ရောက်သွားခဲ့ပြီးတဲ့နောက် ဒီခေါက်ဆွဲဆိုင်လေး နာမည်ရသွားတဲ့အပြင် အမေရိကန်တရုတ်ဆက်ဆံရေးမှာလည်း ခေါက်ဆွဲသံတမန်ရေးဆိုပြီး အမည်တွင်သွားခဲ့ပါတယ်။ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် စပြီး တာဝန်ယူရင်ရော အမေရိကန် တရုတ်ဆက်ဆံရေး ဘယ်လို ပြောင်းလဲသွားနိုင်ပါသလဲ။ အေပီသတင်းဆောင်းပါးကို နန်လဖိုင်က တင်ဆက်ထားပါတယ်။