Myanmar Ganad ကုမ္ပဏီနှင့် Moving Walls ကုမ္ပဏီတို့ ပူးပေါင်းပြီး စားသုံးသူများနှင့် သက်ဆိုင်သည့် အချက်အလက်များကို လွတ်လပ်ပြီး အလိုအလျောက်တိကျစွာ တိုင်းတာပေးနိုင်သော LMX- Location Media Xchange ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်ရန် စတင်မိတ်ဆက်လိုက်သည်။
LMX နည်းပညာကို အသုံးပြုခြင်းဖြင့် ဝယ်ယူစားသုံးသူများနှင့် သက်ဆိုင်သည့် အချက်အလက်တိုင်းတာနိုင်သည့် နေရာတွင် နိုင်ငံတကာနှင့် အမှီလိုက်နိုင်မှာဖြစ်ပြီး Ganad၏ ဝန်ဆောင်မှုဖြစ်သည့် ဒီဂျစ်တယ် ကြော်ငြာများ၊ စျေးဝယ်စင်တာများရှိကြော်ငြာများ၊ ကားမှတ်တိုင်များရှိကြော်ငြာများနှင့် အခြားမီဒီယာများရှိ ဝယ်ယူစားသုံးသူဆိုင်ရာ အချက်အလက် များကို ပိုမိုလေ့လာနိုင် တိကျသော အချက်အလက်များကို အခြေခံပြီး ကမ်းပိန်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
LMX Registry နှင့် LMX Deals အလိုအလျောက်ပလက်ဖောင်းသည် Ganad အား စင်ကာပူ၊ လန်ဒန်၊ တိုကျိုး နယူးယောက်နှင့် အခြားဒေသတွင်း မီဒီယာအေဂျင်စီများနည်းတူစားသုံးသူများ၏ အချက်အလက်များတိုင်းတာ ရာတွင် တိကျမှန်ကန်စွာ တိုင်းတာစေနိုင်မည်ဖြစ်သည်။
Ganad Media Myanmar ၏ အမှုဆောင်ညွှန်ကြားရေးမှူး သောမတ်စ်ဒေး၏ ပြောကြားချက်အရ မြန်မာနိုင်ငံရှိ OOH ကြော်ငြာလုပ်ငန်းသည် အခွင့်လမ်းများစွာရှိပါတယ်။ OOHကိုအားကောင်းပြီး သီးခြားရပ်တည်နိုင်စေဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ စျေးကွက်တွေမှာရှိတဲ့ အခြားသော အဓိကလမ်းကြောင်းတွေနဲ့ အတူစီမံဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းနဲ့ တိကျတဲ့ အချက်အလက်များရရှိဖို့ တိုင်းတာနိုင်တဲ့ အခြေအနေများကို ဖန်းတီးပြီးတော့ ပိုမိုကျယ်ပြန်တဲ့ အပိုင်းအခြားနဲ့ စားသုံးသူတွေရဲ့ အချက်အလက်ကို ပိုမိုနားလည်စေဖို့ ဆောင်ရွက်လျက်ရှိပါတယ်ဟု ပြောသည်။
Location Media Xchange LMXသည် Moving Walls အုပ်စုအောက်တွင် အသစ်ဖွဲ့စည်းထားသည့် ကုမ္ပဏီဖြစ်ပြီး multi-sensor စနစ်ကို အသုံးပြုပြီး သတ်မှတ်တည်နေရာရှိ မီဒီယာကို ကြည့်ရှုသူများအား တိုင်းတာခြင်းများကို လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းထားသော ကမ္ဘာ့ပထမဆုံး လွတ်လပ်သည့် ကြော်ငြာနည်းပညာဆိုင်ရာ ကုမ္ပဏီ တစ်ခုဖြစ်သည်။