အောက်တိုဘာ ၆ ၊ ၂၀၂၀
သုတေသီများသည် အနီရောင်ဂြိုဟ်၏ ရေခဲမျက်နှာပြင်အောက်တွင် ဖုံးကွယ်နေသော ရေကန်အုပ်စုတစ်စုကို တွေ့ရှိခဲ့သည်။
လွန်ခဲ့သောနှစ်နှစ်ခန့်တွင် ဂြိုဟ်သိပ္ပံပညာရှင်များသည် စိတ်လှုပ်ရှားဖွယ်နှင့် သံသယဖြစ်ဖွယ်ကောင်းသော ရှာဖွေမှုတစ်ရပ်အဖြစ် ကြီးမားသော ရေငန်ကန်တစ်ကန်ကို အင်္ဂါဂြိုဟ်၏ တောင်ဘက်ဝင်ရိုးစွန်း ရေခဲပြင်အောက် တွင် လေ့လာတွေ့ရှိခဲ့ကြောင်း တင်ပြထားသည်။
ယခုအချိန်မှာတော့ သုတေသီများသည် ယင်းအပြင် နောက်ထပ် ကန်သုံးကန်ကိုပင် လေ့လာတွေ့ရှိကြောင်း ဖော်ပြထားသည်။
စက်တင်ဘာ၂၈ရက် Nature Astronomy တွင် ဖော်ပြချက်အရ ယင်းရှာဖွေတွေ့ရှိမှုသည် Mars Expressဟု အမည်ရသော ဥရောပအာကသအေဂျင်စီ၏ အင်္ဂါဂြိုဟ်ကိုလှည့်ပတ်နေသော အာကသယာဉ်မှ တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းသည် ၂၀၁၈ခုနှစ် ထိုဒေသတွင်ရှာဖွေနေသော တစ်ခုတည်းသော မြေအောက်ရေကန်ရှာဖွေမှု၏ နောက်ဆက်တွဲဖြစ်ပြီး အတည်ပြုပြီးပါက ၎င်းသည် အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံးရေတွေ့ရှိမှုဖြစ်ပြီး သက်ရှိများမှီခိုနေ ထိုင်နိုင်ခြေရှိသည်။
သို့ရာတွင် ထိုရှာဖွေတွေ့ရှိမှုသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်းပြုလုပ်ထားသော လေ့လာမှု၂၉ခုအပေါ်တွင်သာ အခြေခံထားသောကြောင့် ယင်းလေ့လာတွေ့ရှိမှုကို ပိုမိုခိုင်မာလာစေရန် အထောက်အထားများ ထပ်မံလိုအပ် သည်ဟု သုတေသီများက ဆိုခဲ့သည်။ နောက်ဆုံး လေ့လာမှုတွင် ၂၀၁၂မှ ၂၀၁၉ အတွင်း လေ့လာမှု၁၃၄ခုပါဝင်သော ပိုမိုကျယ်ပြန့်သော အချက်အလက်များကို အသုံးပြုခဲ့သည်။
“It’s a complex system” ကို တွဲဖက်ရေးသားသူ ရောမတက္ကသိုလ်မှ ဂြိုဟ်သိပ္ပံပညာရှင် Elena Pettinelli က “ရေရှိကြောင်းကို တွေ့ရှိရပါတယ်, ပြီးတော့ အဲဒီအဓိကတစ်ခုရဲ့ အနားပတ်ဝန်းကျင်မှာ ရေရှိနိုင်ခြေ သုံးခုကို ထပ်ပြီး လေ့လာတွေ့ရှိခဲ့ပါတယ်” ဟု ဆိုခဲ့သည်။
လေ့လာရေးအဖွဲ့သည် Mars Advanced Radar for Subsurface and lonosphere Sounding (MARIS)ဟု ခေါ်သော Mars Express ပေါ်ရှိ ရေဒါနည်းပညာကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ MARIS သည် ဂြိုဟ်မျက် နှာပြင်ပေါ် မျက်နှာပြင်အောက်ရှိ အရာဝတ္တုအလွှာများမှ ပြန်ထွက်လာသော ရေဒီယိုလှိုင်းများကို ပို့လွှတ်ပေးခြင်းဖြစ်သည်။ ဥပမာ ၎င်းပြန်ထွက်လာသော အချက်ပြနည်းလမ်းသည် နေရာတစ်ခုတွင်ရှိသော ကျောက်တုံး၊ ရေခဲ၊ ရေ အစရှိသည်ကို ဖော်ပြနိုင်စွမ်းရှိသည်။
ကမ္ဘာပေါ်ရှိ မြေအောက်ရေခဲမြစ်ရေကန်များကို ရှာဖွေရာတွင်လည်း အလားတူနည်းလမ်းကို အသုံးပြုခဲ့သည်။ လေ့လာရေးအဖွဲ့သည် အချို့နေရာများတွင် ရောင်ပြန်ဟပ်မှုမြင့်မားနေမှုကို တွေ့ရှိခဲ့ပြီး Martian ice ၏အောက် ၁ကီလိုမီတာထက် ပိုသောနေရာတွင် ရေရှိနိုင်ခြေရှိသည်ဟု ဆိုသည်။
ရေကန်များသည် ဧရိယာ ၇၅,၀၀၀ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းပြီး ၎င်းမှာ ဂျာမနီနိုင်ငံ၏ ၅ပုံ ၁ပုံခန့်ရှိသည်။ အလယ်တွင်ရှိသော အကြီးဆုံးကန်သည် ၃၀ ကီလိုမီတာခန့်ရှီပြီး ပတ်ဝန်းကျင်ရှိ ရေကန်အသေး၃ခုသည် ကီလိုမီတာအနည်းငယ်ခန့်စီ အသီးသီးကျယ်ဝန်းသည်။
ရေငန်ကန်များ
အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် လေထုနည်းပါးခြင်းကြောင့် လေဖိအားလျော့နည်းကာ ရေရှိရန် မဖြစ်နိုင်ပေ။ သို့သော်လည်း လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ရှိခဲ့သော ပင်လယ်၊ ကန်အစရှိသည်တို့သည် အင်္ဂါဂြိုဟ်၏ မျက်နှာ ပြင်အောင်တွင် ရှိနေမည်ဟု သိပ္ပံပညာရှင်များက ထင်မြင်ယူဆကြသည်။ အကယ်၍ ထိုကဲ့သို့သော ရေလှောင်ကန်များရှိပါက Martianသက်ရှိများအတွက် ရေရှည်နေထိုင်စရာနိုင်ခြေ ရှိသည်။ ကမ္ဘာပေါ်ရှိ အန္တာတိက ကဲ့သိုသော မြေအောက်ရေခဲကန်များတွင်လည်း သက်ရှိများ အသက်ရှင်နေထိုင်နိုင်သည်။
သို့သော်လည်း ဆားပါဝင်မှုရာခိုင်နှုန်းပမာဏသည် ပြဿနာဖြစ်စေနိုင်သည်။ အင်္ဂါဂြိုဟ်ပေါ်ရှိ မည့်သည့် မြေအောက်ရေကန်မဆို အရည်အဖြစ်တည်ရှိနိုင်ရန် အတော်အတန်မြင့်မားသော ဆားပဏရှိရမည်ဖြစ်ကြောင်း ယူဆရသည်။ မြေအောက်အတော်အဝေးမှာရှိသောကြောင့် အင်္ဂါဂြိုဟ်အတွင်းပိုင်းမှ အပူအနည်းငယ်ရရှိနိုင်သော်လည်း ၎င်းသည် ရေခဲကို ပျော်ရန် မလုံလောက်ပေ။ “အပူပိုင်းရှု့ထောင့်က ကြည့်မယ်ဆိုရင် ဆားငန်နေရမယ်” ဟု Pettinelli က ဆိုသည်။
ပင်လယ်ရေထက် ဆားပါဝင်မှု ငါးဆခန့် ပိုပါဝင်တဲ့ ရေကန်တွေက သက်ရှိတွေနေထိုင်နေသော်လည်း ပျော်ဝင်မှုသိပ်သည်းဆက အဆ၂၀ခန့်ရှိနေသောအခါ သက်ရှိများအတွက် အသက်ရှင်နေထိုင်ရန် မဖြစ်နိုင်တော့ဟု Bozeman ရှိ Montana ပြည်နယ်တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် သိပ္ပံပညာရှင် John Priscu က ဆိုသည်။ “အန္တာတိကက အဲ့လို့ဆားငန်ကန်တွေမှာ သက်ရှိတွေ သိပ်မတွေ့ရဘူး။ ရေတွေက အချဉ်စိမ်တဲ့ ရေတွေလိုပဲ။ အင်္ဂါဂြိုဟ်ပေါ်မှာလဲ ဒီလိုမျိုးပဲ ဖြစ်နိုင်တယ်”ဟု ရေခဲနေသော သဘာဝပတ်ဝန်းကျင်တွင် အဏုဇီဝနည်းပညာလေ့လာသူ Priscu က ဆိုသည်။
ဆူပွက်နေသော အငြင်းအခုန်များ
အင်္ဂါဂြိုလ်တွင် ရေကန်များ ရှိခြင်းမရှိခြင်းသည် ယခုအချိန်ထိ အငြင်းပွားနေဆဲဖြစ်သည်။ ၂၀၁၈ လေ့လာတွေ့ရှိမှုအပြီး သုတေသီများသည် ရေခဲမှ ရေသို့ ပြောင်းလဲရန် လုံလောက်သာ အပူပမာဏမရှိခြင်း စသော စိုးရိမ်ပူ ပန်မှုများ မြင့်တက်လာခဲ့သည်။ နောက်ဆုံးလေ့လာတွေ့ရှိချက်များသည် အချက်အလက်များပိုမိုပါဝင်ပြီး ၂၀၁၈လေ့လာမှုကို ပိုမိုအားကောင်းလာစေသောလည်း၊ ထိုဖော်ပြပါဒေသများသည် အရည်ဖြစ်သည်ဟု လူတိုင်းက မယုံကြည်ကြပါ။ “တစ်ကယ်ပဲ အဲဒီ တောက်ပတဲ့ အရာက အရည်ဖြစ်မယ်ဆိုရင် အဲဒါက ရွှံ့နွံ သို့မဟုတ် ရွှံနွံပုံတစ်မျိုးမျိုးကို ကိုယ်စားပြုတယ်လို့ထင်တယ်”ဟု Indiana ပြည်နယ် Lafayette အနောက်ပိုင်းရှိ Purdue တက္ကသိုလ်မှ ဂြိုဟ်ဘူမိဗေဒပညာရှင် Mike Sori က ဆိုသည်။
အရီဇိုးနား တက္ကသိုလ်မှ ဂြိုဟ်သိပ္ပံပညာရှင် Jack Holt ကမူ နောက်ဆုံးရ အချက်အလက်တွေက အဆင်ပြေသော်လည်း ယူဆချက်ကိုမူ မသေချာကြောင်း ဆိုသည်။ “အဲ့တာတွေက ရေကန်မဖြစ်နိုင်ဘူး။ ရေခဲထုအောက် မှာတောင် အဲဒီလောက် ဆားရေကန်ကို ပျော်အောင် အပူပေးနိုင်တာမရှိဘူး” ဟု နာဆာမှ အင်္ဂါဂြိုဟ်လေ့လာစောင့်ကြည့်ရေး Mars Shallow Radar sounder (SHARAD)မှ သိပ္ပံအဖွဲ့ဝင် Holt မှဆိုသည်။
တရုတ်မှ အင်္ဂါဂြိုဟ်သို့လွှတ်တင်မည့် mission တွင်လည်း ထိုပြောဆိုယူဆချက်များကို ဆန်းစစ်ရန် အခွင့်ရေးဖြစ်လာနိုင်သည်။ Tianwen-1 mission သည် ၂၀၂၁ဖေဖော်ဝါရီတွင် ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်မည်ဖြစ်ပြီး ၎င်း၏မျက်နှာပြင်တွင် rover တစ်ခုတပ်ဆင်ထားပြီး သိပ္ပံဆိုင်ရာ ကိရိယာများကို သယ်ဆောင်သွားမယ်ဖြစ်သည်။ ထိုကိရိယာများတွင် အလားတူ လေ့လာမှုများ လုပ်နိုင်သော ရေဒါပစ္စည်းများ ပါဝင်သည်။ “သူ့ရဲ့ လုပ် ဆောင် ချက်တွေက MARSIS , SHARAD တို့နဲ့ သဏ္ဍာန်တူပါတယ်” ဟု ဩစတြေးလျနိုင်ငံ Brisbaneရှိ Queensland နည်းပညာတက္ကသိုလ်မှ David Flannery က ပြောသည်။
ယခုအချိန်တွင် ထိုရေကန်များသည် အင်္ဂါဂြိုဟ်၏ စိုစွတ်သောအတိတ်မှ ကျန်ရှိသော အကြွင်းအကျန်များဖြစ်ကြောင်း အလားအလာမှာ စိတ်ဝင်စားဖွယ်ရှိသည်။ “အင်္ဂါဂြိုဟ်မှာ ရေတွေ အများကြီး ရှိခဲ့ဖူးမှာပါ။ ရေသာရှိခဲ့ရှင် သက်ရှိတွေလည်း ရှိခဲ့မှာပဲ” ဟု Pettinelli က ဆိုသည်။