ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်တဲ့ ဥရောပက နိုင်ငံတချို့မှာတော့ ကလေးစာသင်ကျောင်းတွေ ဒီလ အစကပဲ ပြန်ဖွင့်လိုက်ပါတယ်။ ကလေးတွေ ရောဂါကူးစက်မှုတားဆီးရေး ချမှတ်ထားတဲ့ စည်းကမ်းတွေ သေချာလိုက်နာကြအောင်လည်း အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရိုက်တာသတင်းကို အလိမ္မာတင်ပြထားပါတယ်။