ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ရောဂါကြီး ဖြစ်လာတာကြောင့် အတတ်နိုင်ဆုံး ခရီးသွားလာမှုတွေ ရှောင်ကျဉ်နေကြရပြီး အပန်းဖြေ ခရီးထွက်သူတွေကြား ရေပန်းစားတဲ့ အင်ဒိုနီးရှားကဘာလီကျွန်းတို့ ပစိဖိတ်သမုဒ္ဒရာထဲက ဟာဝိုင်အီကျွန်းတို့ကို ဒီနှစ်ထဲ အပန်းဖြေခရီးထွက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ တချို့က အဲဒီလိုအပန်းဖြေနေရာက အပြင်အဆင်တွေအတိုင်း သူတို့အိမ်ကို ပြင်ဆင်မွမ်းမံပြီး စိတ် အပန်းဖြေကြပါတယ်။ ရိုက်တာသတင်းကိုအခြေခံပြီး နန်းလောင်ဝ် တင်ပြထားပါတယ်။