ဟောင်ကောင် ခရီးသွားကုမ္ပဏီတခုက ကိုဗစ်-၁၉ ကပ်ရောဂါကျနေတဲ့ကာလအတွင်း အိမ်ပြင်ထွက်စရာမလိုဘဲ Online ပေါ်ကနေ ခရီးသွားနိုင်တဲ့ အစီအစဉ်ကို စတင်မိတ် ဆက် လိုက်ပါတယ်။ ဒီအွန်လိုင်းခရီးသွားလုပ်ငန်းဟာ ပင်လယ်ရပ်ခြားက ခရီးသည်တွေ တိုးလာစေဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် အခုလို Onlineကနေ ဟောင်ကောင်အထင်က ရနေရာတွေဆီ လှည့်လည်ကြည့်နိုင်မယ့် အစီအစဉ်ကို သူတို့ ခရီးသွားလုပ်ငန်းမှာ အမြဲ တမ်းစီးပွါးရေးလုပ်ငန်းတခု အဖြစ် လုပ်သွားဖို့ စီစဉ်နေတာပါ။ ရိုက်တာ သတင်းကို ဗွီအိုအေက မခွါညိုက ပြောပြပေးပါမယ်။