ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ပရဟိတအဖွဲ့တွေစုပေါင်းသွေးလှူဒါန်း

By ထွန်းထွန်းဝင်း /ထွန်းဝင်း
19 June 2020
ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ပရဟိတအဖွဲ့တွေစုပေါင်းသွေးလှူဒါန်း
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ဇွန် ၁၉ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် စေတနာရှင်ပရဟိတအဖွဲ့များကစုပေါင်းကာ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံတွင် ဇွန်လ ၁၉ရက်က စုပေါင်းသွေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

၎င်း စုပေါင်းသွေးလှူဒါန်းမှုတွင် We Love တောင်ဒဂုံ၊NLD လူငယ်(တောင်ဒဂုံ)၊သင်္ဃန်းကျွန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့်သင်္ဃကျွန်းမြို့နယ်များမှ ပရဟိတလူမှုကူညီကယ်ရေးအသင်းများက စုပေါင်းသွေးလှူ ဒါန်းခဲ့ကြခြင်းဖြစ်သည်။

“လစဉ်သွေးလိုအပ်ချက်က သွေးအိတ်၁ထောင်လောက် လိုအပ်ပါတယ်။ အမျိုးသားသွေး လှူဘဏ်ကလည်း အနည်းငယ်ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ ကျွန်မတို့က အများစုကို ရှာဖွေရတယ်။ ပရဟိတလာလှူ ထားတာ ရှိရင် လူနာတွေကို အခက်အခဲမရှိပေးနိုင်တယ် ။ လာလှူထားတာမရှိရင် လူနာရှင်တွေက လိုက်ရှာရတယ်။ ဒီလိုမျိုးနေထူးနေ့မြတ်တွေမှ အစုလိုက်လာရောက်လှူဒါန်းကြတဲ့အတွက် လူနာရှင်တွေ အတွက်အများကြီး အထောက်အကူရပါတယ် “ ဟု သင်္ဃန်းကျွန်းဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှ က ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံအနှံအပြားတွင်လည်း  ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ ဒီနေ့က တောင်ဒဂုံမြို့နယ်မှာ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အနေနဲ့ ဌာနဆိုင်ရာတွေ၊ စည်ပင်တွေ၊ တောင်ဒဂုံမြို့နယ်ထဲက ပြည်သူသာအဓိက တို့လို၊ We Love တောင်ဒဂုံတို့လို၊ ပရဟိတအဖွဲ့တွေနဲ့ အဖွဲ့အ စည်းတစ်ခုဆီကို ငါးယောက်စီလောက် စုပြီးတော့ ပထမဆုံး စုအသက်မွေးဝမ်းကျောင်းသိပ္ပံမှာ သစ်ပင် ၇၅ ပင် စိုက်ပါတယ်။အဲဒါပြီးတော့ ရတနာပုံလမ်းနဲ့ပန်းခြံထဲမှာ စိုက်ပါတယ်။ သွေးဘဏ်တွေမှာ သွေးအခက်အခဲတွေ ဖြစ်နေပါတယ်။ လွှတ်တော်က လူမူရေးနှင့်စီမံခန့်ခွဲရေးမှာ ကျွန်တော်က အတွင်းရေးမှူးဆိုတော့ ဆေးရုံတွေ သွားတာနဲ့ သွေးတွေကလိုအပ်နေတာပါ။ နောက်တစ်ခုက အမေစုမွေးနေ့တိုင်းမှာ အဖွဲ့ချုပ်က လူငယ်တွေက အမြဲတန်း သွေးလှူဖြစ်ပါတယ်။ အမေ့မွေးနေ့ကိုရည်ရွယ်တဲ့အပြင် သွေးလိုအပ်တဲ့လူနာတွေအတွက် အရေး ပေါ် သွေးအသုံးပြုရန်ဆိုတဲ့အတွက် ရည်ရွယ်ချက်အပါအဝင် သွေးလှူဒါန်းခြင်းဖြစ်ပါတယ် “ ဟု တောင်ဒဂုံမြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

ထို့ပြင် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် ( Facebook ) စာမျက်နှာတွင် “အမေစုကျန်းမာပါစေ” ဆိုသည့် စတမ်းပါပုံများကို စုစည်းကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်းစုကြည်၏ ပုံကို Profile Picture ပြောင်းလဲဂုဏ်ပြုမှုများလည်း ပြုလုပ်ခဲ့ကြသည်။

ယခင်နှစ်တွင် ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်မြောက်မွေး နေ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အသိုင်းအဝိုင်းနှင့် အများပြည်သူတို့မှ အထိမ်းအမှတ်ဂုဏ်ပြု သည့် ပွဲလမ်းသဘင်များကို ကျင်းပကြခဲ့ကြသည်။

ယခုနှစ်တွင် COVID-19 ကပ်ရောဂါကာလ ကန့်သန့်ချက်၊စည်းမျဉ်း၊စည်းကမ်းများကြောင့် ရန်ကုန်တိုင်းဒေသ ကြီးတွင်မူ လူစုလူဝေးနှင့်လုပ်ဆောင်မှုများမတွေ့ရှိရဘဲ အကျဉ်းရုံးပြုလုပ်မှုများသာ လုပ်ဆောင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required