ဇွန် ၁၀
အမေရိကန်နိုင်ငံ ဗာဂျင်းနီးယားပြည်နယ်က အမျိုးသားတစ်ဦးသည် တစ်ကြိမ်တည်းဖြစ်သော ထီဖွင့်ခြင်းအတွက် ဂဏန်းတူ ထီလက်မှတ် ရှစ်စောင် ဝယ်ယူခဲ့ရာမှ အမေရိကန်ဒေါ်လာ ၈၀၀၀၀၀ ထီဆုပေါက်ခဲ့သည်။
ဝုဒ်ဘရစ်အရပ်က ဂါရီပီယာပွိုင့်ဆိုသူက ၎င်းသည် ထီပေါက်မည် မျှော်လင့်ချက်ဖြင့် Cash 5 ထီပေါက်စဉ်အတွက် ဂဏန်းတူ ထီလက်မှတ်များကို ကြုံလျှင်ကြုံသလို ဝယ်ယူနေခဲ့ခြင်း ဖြစ်ကြောင်း ဗာဂျင်းနီးယား ထီရုံတာဝန်ရှိသူများအား ပြောသည်။
ထိုအကျင့်ကြောင့်ပင် ပီယာပွိုင့်အတွက် ယခုကဲ့သို့ ထီဆုပေါက်ခဲ့ရခြင်းပဲ ဖြစ်သည်။ Mapledale BP ဓာတ်ဆီဆိုင်တွင် ဧပြီ ၁၃ ရက် ထီပေါက်စဉ်အတွက် ဂဏန်းတူ ထီလက်မှတ် ရှစ်စောင်ကို ပီယာပွိုင့်က ဝယ်ယူခဲ့ရာမှ ထီဆု ထပေါက်တော့ခြင်း ဖြစ်သည်။
၎င်း ဝယ်ယူသည့် ထီလက်မှာ ၁-၅-၇-၁၅-၂၃ ဖြစ်ပြီး မိသားစုဝင်များ၏ မွေးနေ့များဖြစ်သည်ဟု ပီယာပွိုင့်က ပြောသည်။
အဆိုပါ ထီလက်မှတ်များမှ တစ်စောင်လျှင် ဒေါ်လာ ၁၀၀၀၀၀ ဆုပေါက်ပြီး စုစုပေါင်း ဒေါ်လာ ၈၀၀၀၀၀ ထီဆု ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။