ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့နယ်တွေထဲမှာ တပ်မတော်နဲ့ AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကြောင့် ဒေသတွင်းနေ ပြည်သူလူထုတွေဟာ မြန်မာနိုင်ငံမှာ လတ်တလော ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးထက် တိုက်ပွဲတွေအပေါ် ပိုမိုစိုးရိမ်ကြောက်ရွံ့နေကြရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI)ရဲ့ ပြောရေးဆိုင်ခွင့်ရှိသူ မိုင်နန်းဝေကို မဇ္ဈိမ သတင်းထောက် အုပ်မှူးဇော်က ဆက်သွယ် မေးမြန်းထားတာကို ရှုစားကြည့်ကြရအောင်ပါ။
တည်းဖြတ်/တင်ဆက် - အုပ်မှူးဇော်