ရုရှားရောက် မြန်မာ့တပ်မတော်သင်တန်းသား ၂ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိပြန်

ရုရှားရောက် မြန်မာ့တပ်မတော်သင်တန်းသား ၂ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိပြန်

နေပြည်တော်၊ မေ - ၃

ရုရှားနိုင်ငံတွင် သင်တန်းတက်နေသော မြန်မာ့တပ်မတော်မှ သင်တန်းသား နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း တပ်မတော်၏ ယမန်နေ့နေ့စွဲပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိရာ ရုရှားရောက် သင်တန်းသားများအကြား ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ငါးဦးရှိသွားပြီဖြစ်သည်။

ရုရှားကျန်းမာရေးဌာန၏ ဧပြီ ၂၈ ရက်နေ့ စစ်ဆေးတွေ့ရှိချက်အရ သင်တန်းသားနှစ်ဦးတွင် COVID-19 ရောဂါတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ဧပြီ ၂၇ ရက်နေ့က သင်တန်းသား ၃ ဦး COVID-19  ရောဂါပိုးတွေ့ရှိခဲ့သည်။
   
"၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ထူးခြားသည့် ဖျားနာဝေဒနာခံစားရမှုမျိုးမရှိဘဲ ကောင်းမွန်လျက်ရှိကြောင်း၊ မော်စကိုမြို့ အနီးရှိ လူနာများသီးသန့်ထားရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ ရုရှား ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့်  ဆေးကုသမှုခံယူလျက်ရှိကြောင်း" ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly