စပါးအသင်းအမှုဆောင်ချုပ် ဒန်နီယယ် လီဗိုင်းကတော့ အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်တဲ့ နည်းပြဟောင်း ပိုချက်တီနိုကို လစာလျော့ယူပေးဖို့ တောင်းဆိုနေရတဲ့ အခြေအနေမျိုးရောက်နေခဲ့ပြီလို့ The Sun က ဖော်ပြပါတယ်။
ပိုချက်တီနိုဟာ စပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ပေမယ့် သူ့ရဲ့လက်ကျန်စာချုပ်သက်တမ်းအတွက် လစာငွေကို စပါးအသင်းက ပေးချေနေရဆဲဖြစ်ပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးထိခိုက်မှုတွေ ရှိလာချိန်မှာတော့ ပိုချက်တီနို ကို လစာလျော့ယူပေးဖို့ ကမ်းလှမ်းခဲ့တာပါ။
Daniel Levy 'asks sacked Mauricio Pochettino to take pay cut' on severance package https://t.co/WXl0ffOYKz pic.twitter.com/Bz2mc9MicW
— The Sun Football (@TheSunFootball) April 16, 2020
ပိုချက်တီနိုဟာ စပါးအသင်းဆီကနေ တစ်နှစ်ကို လစာ ၈.၅ သန်း ရရှိနေသူဖြစ်ပြီး ထုတ်ပယ်ခံရပြီးတဲ့နောက် အဲဒီငွေတွေကို လျော်ကြေးအဖြစ် တစ်လုံးတစ်ခဲတည်းမပေးပဲ လစာပေးချေမှု ပုံစံအတိုင်းသာ ဆက်လက်ပေးချေသွားဖို့ စပါးအသင်းတာဝန်ရှိသူတွေနဲ့ သဘောတူညီခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ထုတ်ပယ်ခံခဲ့ရတဲ့ ပိုချက်တီနိုဟာ စပါးအသင်းရဲ့တောင်းဆိုချက်ကို လိုက်လျောလိမ့်မယ်လို့ အသင်းတာဝန်ရှိသူတွေက ယုံကြည်နေပြီး စပါးအသင်းမှာ နှစ်ပေါင်းများစွာ ရှိလာခဲ့တဲ့ နည်းပြတစ်ယောက်အနေနဲ့ ပြန်လည်ကူညီပေးလိမ့်မယ်လို့ တာဝန်ရှိသူတွေက မျှော်လင့်နေကြတာပါ။
Daniel Levy asks Mauricio Pochettino to take pay cut on £8.5m salary during coronavirus pandemic https://t.co/YVmBDm0djX #THFC #COYS
— FPL Ross (@FPL_Ross) April 16, 2020
လီဗိုင်းဟာ ပိုချက်တီနိုအနေနဲ့ နောက်ထပ် အသင်းတစ်သင်းမှာ နည်းပြအဖြစ် တာဝန်မထမ်းဆောင်မချင်း ဒီလစာငွေကို ပေးချေဖို့ သဘောတူထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပြီး စပါးအသင်းရဲ့နည်းပြအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ပီရက်ဇ်၊ မီဂွယ်နဲ့ ဂျီမီနက်ဇ်တို့ကိုလည်း စပါးအသင်းက စာချုပ်သက်တမ်းမတိုးပဲ ထွက်ခွာခိုင်းဖွယ်ရှိနေတယ်လို့ သိရတာပါ။
ပြီးခဲ့တဲ့ရာသီတုန်းက စပါးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ရောက်ရှိခဲ့တဲ့ ပိုချက်တီနိုဟာ အသင်းနဲ့ ၄ နှစ်ခွဲသက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ် ချုပ်ဆိုပြီး လအနည်းငယ် အကြာမှာပဲ အသင်းကနေ ထုတ်ပယ်ခြင်းခံလိုက်ရတာပါ။
I need whoever negotiated Poch exit ... He got fired but signed an agreement that Tottenham would pay his salary until he found a new job!
cc @ThompsonWarren8 https://t.co/Dy2xIMo7JC
— Marc Ashton (@zamarcashton) April 17, 2020
စပါးအသင်းဟာ အသင်းရဲ့နည်းပြ မော်ရင်ဟို နဲ့ ကစားသမားတွေကိုလည်း လစာငွေရဲ့ ၁၀ ရာခိုင်နှုန်းလျော့ချ ရယူပေးဖို့ ချဉ်းကပ်နေပြီး ကိုရိုနာဗိုင်းရပ်စ်ကာလကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။