မတ်လ ၂၄ရက်။ ။ ချင်းအမျိုးသားဧည့်ခံပွဲလုပ်ခဲ့တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကပ်တဲလ်ရွာကို Lock Down (သို့မဟုတ်) Community Quarantine စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်းသမ္မတပြော ရေးဆိုခွင့်ရှိသူဦးဇော်ဌေး က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထုတ်ပြန်သည်။
မတ်လ ၂၃ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူနှစ်ဦး တွေ့ရှိခဲ့သည့်ဆိုသည့်သတင်းထုတ်ပြန်ပြီးနောက် ယနေ့ နံနက် မတ်လ ၂၄ရက်က ယခုကဲ့သို့ ရေးတင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် သမ္မတရုံးပြောခွင့်ရဦးဇော်ဌေးက “ ချင်းအမျိုးသားဧည့်ခံပွဲလုပ်ခဲ့တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ------ရွာကြီးကို Lock Down (သို့မဟုတ်) Community Quarantine စတင်ဆောင်ရွက်နေပါပြီ။ သူတဲ့ ထိတွေ့ခဲ့သူအားလုံးကိုသီးသန့်ခွဲခြားပြီး Quarantine စတင် လုပ်ဆောင်နေပါပြီ။ ကလေးကအလန့်တကြားနဲ့ စစ်ကိုင်းဘက် ဆင်းတာတွေလည်းကန့်သတ်ထားပါပြီ။ ပြည်တော်ပြန်တွေ ကို Home Quarantine ၁၄ ရက် ထားပါမယ်။” ဟုရေးသားထားသည်။
ထို့ပြင် ပိုးရှိလူနာတွေ့ရှိသူသွားခဲ့သည့် ဓါတ်ပုံဆိုင် အပါအဝင် သွားခဲ့တဲ့ နေရာတွေကမိသားစုဝင်တွေကို Home Quarantine လုပ်နေပြီဖြစ်ကြောင်းလည်းပါဝင်သည်။
ကလေး-တီးတိန် အဝင်အထွက်တွေ ကန့်သတ်မည်ဖြစ်ကာစစ်ကိုင်းတိုင်းအဝင် တံတားကြီးများမှာကျန်းမာရေးစစ်ဆေးခြင်းနှင့် ထူးခြားရင်Quarantineလုပ်မည်ဖြစ်ကြောင်းနှင့် ပြည်တော်ပြန်များကို Home Quarantine ၁၄ ရက် ထားမည်ဖြစ်ကြောင်းလည်းရေးသားချက်တွင်ပါဝင်သည်။
(၁၃-၃-၂၀၂၀)ရက်နေ့တွင်အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံသို့လေကြောင်းခရီးဖြင့်ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊တီးတိန်မြို့တွင်နေထိုင်နေသူမြန်မာနိုင်ငံသားအမေရိကန်နိုင်ငံမှ Green Card ရရှိထားသူအသက် (၃၆) နှစ်အရွယ်အမျိုးသားနှင့် အင်္ဂလန်နိုင်ငံမှ (၂၂-၃-၂၀၂၀) ရက်နေ့တွင်လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံ၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဝင်ရောက်လာခဲ့သည့်အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသားတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းမြန်မာအစိုးရက ၂၃ရက်နေ့ ည၁၁ နာရီကျော်အချိန်ကထုတ်ပြန်ထားသည်။