အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့မှာ ဇွန်လမှာ စတင်မယ့် ကိုပါအမေရိကပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ၂၀၂၁ ခုနှစ်သို့ တစ်နှစ်ရွှေ့ဆိုင်းလိုက်ကြောင်း တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL)က အင်္ဂါနေ့က ပြောပါတယ်။
ယူရို ၂၀၂၀ ပြိုင်ပွဲကို တစ်နှစ်ရွှေ့ဆိုင်းဖို့ ယူအီးအက်ဖ်အေရဲ့ အလားတူ ဆုံးဖြတ်ချက်ချအပြီး မကြာခင်မှာပဲ ဒီကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ကိုပါဖလားပြိုင်ပွဲဟာ တောင်အမေရိကရဲ့ နိုင်ငံလက်ရွေးစင်အသင်းတွေအကြား အဓိကပြိုင်ပွဲဖြစ်ပြီး ဇွန် ၁၂ ကနေ ဇူလိုင် ၁၂ ရက်အထိ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် တစ်နိုင်ငံထဲမဟုတ်ဘဲ နှစ်နိုင်ငံပူးတွဲ ကျင်းပဖို့ ပထမဆုံးအကြိမ် စီစဉ်ခဲ့ပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ ဖိတ်ကြားထားတဲ့ သြစတြေးလျနဲ့ ကာတာအသင်းတို့အပါအဝင် အသင်းပေါင်း (၁၂)သင်းပါဝင်မှာဖြစ်ပါတယ်။
အခုအခါ ဒီပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁၁ ကနေ ဇူလိုင် ၁၁ ရက်အထိ ပြောင်းလဲကျင်းပဖို့ စီစဉ်ထားပါတယ်။
ဒီဆုံးဖြတ်ချက်ကို ယူရို ၂၀၂၀ ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းဖို့ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်နဲ့ တွဲပြီး ချမှတ်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ အချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝှမ်းက လူပေါင်း (၁၈၀,၀၀၀)ကျော် ကူးစက်ခံရပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ (၇,၄၀၀) ရှိနေပြီဖြစ်ပါတယ်။
Ref; News 18