အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြ ဆီမြွန်နီက လီဗာပူးလ်နဲ့ပွဲမှာ သူ့အသင်းရဲ့ ပွဲအပေါ်ချဉ်းကပ်တဲ့ နည်းဗျူဟာပိုင်းနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အက်သလက်တီကိုက အန်ဖီးလ်မှာ လီဗာပူးလ်ကို (၃-၂)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ကနေထွက်ခွာစေခဲ့ပါတယ်။
ကလော့ပ်ဟာ လီဗာပူးလ်နည်းပြအဖြစ် ဥရောပဖလား ရှုံးထွက်အဆင့်ကနေ လှည့်မပြန်ရသေးတဲ့ မှတ်တမ်းလဲ ကျိုးပျက်သွားခဲ့ပြီး ပွဲအပြီးမှာ သူက အက်သလက်တီကိုရဲ့ ခံစစ်နည်းဗျူဟာအပေါ် ဝေဖန်သွားခဲ့ပါတယ်။
"သူတို့ ဘာလို့ဒီလိုကစားတာလဲဆိုတာကို ကျနော် နားမလည်နိုင်အောင်ပါပဲ။"လို့ ကလော့ပ်က ပြောပါတယ်။ "သူတို့ ဘောလုံးကို ကောင်းကောင်းကစားနိုင်ပေမယ့် သူတို့ကွင်းဘက်ခြင်းမှာပဲ ရှိနေပြီး တန်ပြန်တိုက်စစ်တွေနဲ့ ကစားနေတာပါ။"
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါသစ်ဖြစ်ပွားခဲ့တဲ့ ပရမ်းပတာဖြစ်စဉ်တွေကြောင့် အက်သလက်တီကိုအသင်းဟာ ကွာတားဖိုင်နယ်ကို ဘယ်အချိန် ကစားရမယ်ကို စောင့်ကြည်ရဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် ဆီမြွန်နီဟာ အက်လက်တီကိုကို ကိုင်တွယ်တဲ့ (၈)နှစ်အတွင်း ဗိုလ်လုပွဲ (၂)ကြိမ် ပို့ဆောင်ပေးခဲ့ပြီး အသင်းအတွက် နောက်ထပ် ကျော်ကြားတဲ့ ဥရောပညချမ်းမှာ တောက်ပပြခဲ့ပါတယ်။
"ကျနော်တို့မှာ ရှိတဲ့ လက်နက်တွေနဲ့ ကျနော်တို့ အနိုင်ရဖို့ ကစားတာပါ။"လို့ ဆီမြွန်နီက ပြောပါတယ်။ "ကျနော်တို့ရဲ့ ဝိသေသလက္ခဏာကို လေးစားမှုရှိပါတယ်။ ကစားသမားတွေရဲ့ ဝိသေသလက္ခဏာတွေလည်းဖြစ်ပြီး ကျနော်တို့ ပြိုင်ဘက်ရဲ့ ချို့ယွင်းမှုတွေကို အမြတ်ထုတ်နိုင်ခဲ့ပါတယ်။"
Ref; AFP