မြို့နယ် ၈ မြို့နယ်ကို ဖြတ်သန်း ဆောက်လုပ်မည့် ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်းကို ၂၀၂၁ ခုနှစ် အကုန်မှ စတင် ဆောက်လုပ်နိုင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ လမ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကြည်ဇော်ဝင်းက ပြောသည်။
ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်းကိုတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ တို့ ပူးပေါင်းပြီး Public Private Partnership(PPP) စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မှာဖြစ်ပြီ ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ ကြာမြင့်မည်ဖြစ်ကြောင်း စီမံကိန်းကာလကိုတော့ ၃ နှစ်ခွဲခန့် ဖြစ်သည်။
ရိုက်ကူး/တည်းဖြတ် - လာဘ်ရတနာဗိုလ်