ထိုင်းနိုင်ငံဘန်ကောက်မြို့က ဘုန်းကြီးကျောင်းတခုမှာ Plastic ဗူးခွံဟောင်းတွေကို စွန့်ပစ်အမှိုက် ဖြစ်မသွားအောင် ဘုန်းကြီးသင်္ကန်းတွေအဖြစ် ပြန်လုပ်နေပါတယ်။ ကမ္ဘာပေါ်မှာ Plastic အမှိုက်အများဆုံးထွက်တဲ့နိုင်ငံတခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ Plastic အမှိုက်တွေကို ပြန်သုံးလို့ရ တယ်ဆိုတာကို လူတွေ ပိုသိရှိ နားလည်အောင် Wat Chak Daeng (ဝပ်ချပ်ခ် ဒဲင်) ဘုန်းကြီး ကျောင်းက နမူနာလုပ်ပြနေတာဖြစ်ပါတယ်။ Plastic ဗူးကနေ သင်္ကန်းဖြစ်အောင် ဘယ်လိုလုပ် သလဲဆိုတာကို Reuters သတင်းကို အခြေခံပြီး မစုမြတ်မွန်က ပြောပြပါလိမ့်မယ်။