နာဂျက်ဖ်၊ ဖေဖော်ဝါရီ ၆။ ။ အီရတ်နိုင်ငံရဲ့ ဘာသာရေးမြို့ဖြစ်တဲ့ နာဂျက်ဖ်မှာ ဖေဖော်ဝါရီ ၅ ရက်က ရှီးယိုက်ဘာသာရေးခေါင်းဆောင်ကြီး မိုတာဒါဆာဒါကိုထောက်ခံသူတွေဟာ အစိုးရဆန့်ကျင်တဲ့ဆန္ဒပြစ ခန်းကို ဝင်ရောက်စီးနင်းပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ဆန္ဒပြသူ ခုနစ်ဦးသေဆုံးခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ခေါင်းနှင့် ရင်ဘတ်တွေမှာ ကျည်ဆန်တွေထိမှန်ကာ သေဆုံးခဲ့ရတာဖြစ်ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဆေးတပ်ဖွဲ့တွေကပြောပါတယ်။
ဆာဒါကျောထောက်နောက်ခံပြုထားတဲ့ အသက် ၆၅ နှစ်ရှိ ဆက်သွယ်ရေးဝန်ကြီးဟောင်း မိုဟာမက်အယ်လာဝီကို ဖေဖော်ဝါရီ ၁ ရက်က ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်လိုက်ပြီးတဲ့နောက် နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆန္ဒပြစ ခန်းတွေ ပိုမိုဆိုးရွာလာတာဖြစ်ပါတယ်။
အောက်တိုဘာလကစတင်ခဲ့တဲ့ အစိုးရပြုပြင်ပြောင်းလဲရေးဆန္ဒပြမှုတွေကို ဘာသာရေးခေါင်းဆောင် ဆာဒါဟာ အစောပိုင်းမှာ ထောက်ခံခဲ့ပေမယ့် အယ်လာဝီကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရပြီး နောက်ပိုင်းမှာ ဆန္ဒပြ သူတွေနဲ့ သဘောထားကွဲလွဲခဲ့တာပါ။
ဆာဒါထောက်ခံသူတွေဟာ ယမန်နေ့က နာဂျက်ဖ်မှာရှိတဲ့ အစိုးရဆန့်ကျင်သူစခန်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲခဲ့ရပါတယ်။
ထိုင်သပိတ်ဆင်နွှဲပြီး ရက်သတ္တပတ်ပေါင်းများစွာ စတည်းချခဲ့ကြတဲ့ အဆိုပါဆန္ဒပြစခန်းတွေကိုလည်း ဆာဒါထောက်ခံသူတွေက မီးရှို့ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်အသစ်ခန့်အပ်ခြင်းခံရတဲ့ အယ်လာဝီဟာ မတ်လ ၂ ရက်မတိုင်မီ အစိုးရအဖွဲ့ ဖွဲ့ရမှာဖြစ်ပြီး ပါလီမန်ရဲ့ မဲခွဲထောက်ခံချက်ကို ရယူရမှာဖြစ်ပါတယ်။