တူရကီတွင် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိငလျင်လှုပ် အနည်းဆုံး ၂၀ ဦးသေဆုံး
******************************
တူရကီနိုင်ငံအရှေ့ပိုင်း အယ်လာဇ စ်ပြည်နယ်ရှိ ဆစ်ဗရစ်မြို့တွင် ဇန်နဝါရီ ၂၄ ရက်က ပြင်းအား ၆ ဒဿမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးပြီး ၃၀ ခန့်ပျောက်ဆုံးကာ တစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများအနက် ၁၃ ဦးမှာ အယ်လာဇစ်ပြည်နယ်မှဖြစ်ပြီး အခြား ၅ ဦးမှာ ကပ်လျက်ရှိ မာလာတီယာပြည်နယ်မှဖြစ်သည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/66095
တင်ဆက် - ဆက်ဝေယံနိုင်