ဇန်နဝါရီလ ၂၁။ ။ ဒီမိုကရက်လွှတ်တော်အမတ်များက ဗာဂျီးနီးယားပြည်နယ်တွင် ပြဋ္ဌာန်းလိုနေသည့် လက်နက် ပိုင်ဆိုင်မှုနှင့် သယ်ဆောင်ခြင်းကို ထိန်းချုပ်သည့် စည်းမျဉ်းများကို ဆန့်ကျင်ပြီး ရစ်မွန်ရှိ ပြည်နယ် လွှတ်တော် အဆောက်အအုံပြင်ပတွင် ဇန်နဝါရီ ၂၁ ရက်က လူထောင်ပေါင်းများစွာ ဆန္ဒဖော်ထုတ်ကြသည်။
ဆန္ဒပြသူတော်တော်များများက လက်နက်များ သယ်ဆောင်လာကြသော်လည်း လွှတ်တော်အနီး အဆိုပါ စုရုံးမှုတွင် အကြမ်းဖက်ဆူပူမှုမျိုး မဖြစ်ခဲ့ပေ။
ဗာဂျီးနီးယားပြည်နယ်လွှတ်တော်တွင် နိုဝင်ဘာရွေးကောက်ပွဲ၌ အနိုင်ရပြီးနောက် လွှတ်တော်နှစ်ရပ်စလုံးတွင် ဒီမိုကရက်များက နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် အများစု ကြီးစိုးထားသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး နော်သမ်နဲ့အတူ တိုးတက်ရေးဝါဒီ လွှတ်တော်အမတ်များက လက်နက်များနှင့် ပတ်သက်ပြီး ပိုမိုထိန်းချုပ်သွားရန် ပြည်နယ်အတွင်း ဥပဒေပြုမည်ဟု ကတိကဝတ်ပြုထားသည်။
The Virginia Citizens Defense League အဖွဲ့က ဆန္ဒပြရန် ဆော်ဩချက်ကို တုံ့ပြန်ပြီး ပြီးခဲ့သည့် သီတင်းပတ်၌ အုပ်ချုပ်ရေးမှူး နော်သမ်က လွှတ်တော်သို့ လက်နက်များ ယူဆောင်လာခြင်းကို ယာယီတားမြစ်ရန် အရေးပေါ်အခြေအနေကို ကြေညာခဲ့သည့် ကြားမှ ယခုကဲ့သို့ လက်နက်များ ကိုယ်စီ ကိုင်ဆောင်ရင်း လွှတ်တော်ပြင်ဖက် ဆန္ဒပြကြခြင်း ဖြစ်သည်။