၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့ နှစ်သစ်ကူးပြောင်းချိန်တွင် မြန်မာနိုင်ငံရဲ့ လူဦးရေတိုးနှုန်း (အလယ်အလတ်)ခန့်မှန်းတွက်ချက်မှုအရ (၅၄.၄၅)သန်းအထိ မြင့်တက်လာခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်သူ့အင်အားဦးစီးဌာနဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၃၀)ကျော်ကြာ မကောက်ယူနိုင်ခဲ့သော ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်မှာ အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ကတည်းက ကြားဖြတ်လူဦးရေသန်းခေါင်စာရင်ကောက်ယူခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်အထိ လူဦးရေ (၅၄.၁)သန်းရှိတဲ့ သန်းခေါင်စာရင်းနဲ့ နှိုင်းယှဉ်ပါက ယခုတွင် လူဦးရေ (၃၀၀,၀၀၀)ခန့် တိုးတက်လာတာဖြစ်ပါတယ်။