ဒီဇင်ဘာ ၁၁ ။ ။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း၌ ခရီးသည်တင်ရထားတစ်စင်း တိုက်ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် ဆင်နှစ်ကောင် သေဆုံးခဲ့ရမှု ဖြစ်ပွားခဲ့သည်။
ဝိုင်းအုံကြည့်ရှုနေကြသည့် လူများက အဆိုပါ ဆင်သေနှစ်ကောင်ကို ပန်းများ ဖုံးလွှမ်းပေးပြီး မီးသင်္ဂြိုဟ်ခဲ့ကြသည်။
ကုန်လွန်ခဲ့သည့် ငါးနှစ်အတွင်း နီပေါနယ်စပ်တစ်လျှောက်အနီးက ယခု ဖြစ်ပွားသော ရထားလမ်းပိုင်းတွင် ရထားတိုက်၍ ဆင်ကောင်ရေ ၂၆ ကောင် သေဆုံးကာ နှစ်ဆယ်ကျော်ထက်မနည်း ထိခိုက်အနာတရဖြစ်ကြောင်း သဘာဝတောရိုင်းတိရစ္ဆာန်ရေးရာ တာဝန်ရှိသူများက ပြောသည်။
ယခု သေဆုံးသည့် နှစ်ကောင်တွင် တစ်ကောင်မှာ ကိုယ်ဝန်ကြီးနှင့်ဖြစ်ပြီး နံနက် လေးနာရီခွဲခန့်က ရထားလမ်းကို ဖြတ်စဉ် တိုက်မိကြကာ သေဆုံးခြင်းဖြစ်သည်ဟု မြောက်ပိုင်းဒေသရထားလမ်းဌာန ပြောခွင့်ရသူ ဆတ်ဟန်နန်ချန်ဒါက ပြောခဲ့သည်။
“အဲဒီ နေရာမှာ မြူသိပ်သည်းပြီး မြင်ကွင်း ကောင်းကောင်း မမြင်ရတာကြောင့် ခုလို တိုက်မိတာ ဖြစ်နိုင်ပါတယ်။”ဟု ၎င်းက ဖြည်စွက်ပြောသည်။
သစ်တောဝန်ထမ်းများနှင့် တောရိုင်းတိရစ္ဆာန်ရေးရာ တာဝန်ရှိသူများက ယခုကဲ့သို့သော မတော်တဆ ဖြစ်ရပ်များကြောင့် ညကြီးပိုင်း ရထားများ မပြေးဆွဲရန် တာဝန်ရှိသူများအား ထပ်တလဲလဲ တိုက်တွန်းလျက် ရှိနေသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/