၂၀၂၀ ရွေးကောက်ပွဲတွင် လူမှုကွန်ယက်ပေါ်မှ အမုန်းစကားများကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည်
****************************
လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှ အမုန်းစကားများကို ထိန်းချုပ်နိုင်ရေးအတွက် ဖေ့စ်ဘွတ်ကုမ္ပဏီ တာဝန်ရှိသူများနှင့် အသေးစိတ် ညှိနှိုင်းသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောကြားလိုက်သည်။
နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ဒီဇင်ဘာ ၄ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
ရိုက်ကူး-မင်းမင်း