မြန်မာ စက်ဘီးစီးသမား ၂၀ ကျော်ခန့် ပါဝင်သည့် BNM အဖွဲ့ မိုင်ပေါင်း ၅၀၀ ကျော် ဖြတ်သန်းမည်
**************************
မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ဖြစ်သည့် Bicycle Network Myanmar အဖွဲ့သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးနှင့် ခရီးသွားကဏ္ဍာ တိုးမြှင့်ရေးရည်ရွယ်ပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မိုင် ပေါင်း၅၈၇ မိုင် ကို စက်ဘီးစီးခရီးစဉ်အဖြစ် ဒီဇင်ဘာ ၂ ရက်က စတင်သွားခဲ့ကြသည်။
ကီလို မီတာအားဖြင့် ၉၄၀ အကွာအဝေးရှိ ခရီးစဉ်ကို တနင်္လာနေ့ မနက်အစောပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း ရှေ့မှ စတင်စီးနင်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံမြို့တော် ဘန် ကောက်မြို့သို့ စီးနင်းမည်ဖြစ်သည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63702
တည်းဖြတ် / တင်ဆက် - ထွန်းထွန်းဝင်း