နိုဝင်ဘာ ၂၀။ ။ ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ထောက်ခံသော ဥပဒေ မူကြမ်းတစ်ရပ်ကို အမေရိကန် ဆိနိတ်လွှတ်တော်က နိုဝင်ဘာ ၁၉ ရက်တွင် တညီတညွတ်တည်း အတည်ပြုလိုက်ခြင်းအပေါ် တရုတ်အစိုးရက ဒေါသတကြီး ဝေဖန်ပြစ်တင်သွားခဲ့သည်။
ယင်းကိစ္စနှင့်စပ်လျင်း၍ မဆိုင်းမတွပင် အမေရိကန် သံတမန်ကို တရုတ်အာဏာပိုင်များက ဆင့်ခေါ်ခဲ့သကဲ့သို့ တုန့်ပြန်လုပ်ဆောင်ချက်များ ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်သွားခဲ့သည်။
အမေရိကန် ဆိနိတ်အမတ်များအနေဖြင့် ဟောင်ကောင်ထံသို့ မျက်ရည်ယို ဓာတ်ငွေ့၊ ရာဘာကျည်ဆံ နှင့် အခြား ဆက်စပ်ပစ္စည်းများ ရောင်းချမှုကို ပိတ်ပင်သွားမည့် လုပ်ဆောင်ချက်တစ်ရပ်ကို အတည်ပြုသွားခဲ့သည်။
ယင်းအထက်ပါ ပစ္စည်းများသည် ဟောင်ကောင်တွင် ပြီးခဲ့သည့် ခြောက်လနီးပါး ကာလအတွင်း ဒီမိုကရေစီ တောင်းဆိုသော ဆန္ဒပြပွဲသူများ နှိမ်နင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုထားခဲ့သည့် အရာများလည်း ဖြစ်သည်။
ယခုကဲ့သို့ ဟောင်ကောင် လူ့အခွင့်အရေး ဥပဒေမူကြမ်း အတည်ပြုမှုနှင့်ပတ်သက်၍ အမေရိကန်သံရုံး ယာယီ တာဝန်ခံ William Klein အား တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu က ဆင့်ခေါ်ခဲ့ပြီး ယင်းကိစ္စကို တရုတ်တို့ဘက်က အပြင်းအထန် ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့သည်ဟု သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/