အောက်တိုဘာ ၂၆၊ ရန်ကုန်။ ။ အမှိုက်စို အမှိုက်ခြောက် ခွဲခြားပစ်သည့် လူထုအသိပညာပေး အစီအစဉ်တစ်ခုကို ဒို့အိမ်အဖွဲ့က အောက်တိုဘာ မှ ဒီဇင်ဘာလအတွင်း သုံးလတာ စမ်းသပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အစီအစဉ်ကို ဒို့မြို့ကို ဒို့သန့်ရှင်းအောင်ထားမည်ဆိုသည့် ခေါင်းစဉ်ဖြင့် ဒို့အိမ်အဖွဲ့က လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် ပလတ်စတစ် လျော့ချရေးနှင့် စွန့်ပစ်အမှိုက်များကို ပြန်လည်အသုံးပြုတတ်စေရည် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒို့အိမ်တာဝန်ရှိသူများကပြောသည်။
“ ကျမတို့က အခုလောလောဆယ် ရပ်ကွက်က ပြည်သူ့တွေကို အိမ်သုံးအမှိုက်ပုံးလေးတွေ ပေးတယ်။ သူတို့က အဲ့ဒီအမှိုက်ပုံးမှာ မီးဖိုချောင် စွန့်ပစ်အမှိုက် ထားပြီး ညနေ ၂ နာရီကနေ ၅ နာရီကြား နောက်ဖေးလမ်းကြားမှ ရှိတဲ့ သန့်ရှင်း အမှိုက်အိမ်ကို လာပေးလိုရတယ်။ အဲ့မှရှိတဲ့ဝန်ထမ်းတွေက အမှိုက်တွေကို အနံမထွက်အောင် သေချာသိမ်းဆည်းပြီးက မြေသြဇာ ပြန်ုလုပ်ပေးတယ်။ အိမ်မှ ကျန်ခဲ့တဲ့ အမှိုက်ခြောက် တွေက အမှိုက်စို နဲ့ ခွဲခြားပစ်လိုက်တော့ ပိုမိုသန့်ရှင်းလာတယ်။ ပြီးရင် လမ်းထိပ်က အပြာရောင်အမှိုက်ပုံးမှာ လာပစ်ကြတယ်။ အဲ့ဒီတော့ လမ်းထိပ်က အမှိုက်ပုံး ကို လမ်းပေါ်က ပလုံကောက်တဲ့သူတွေက သိမ်းဆည်းသွားတဲ့အတွက် ပိုပြီး သန့်ရှင်းတဲ့ အမှိုက်ပစ်စနစ်တစ်ခု ဖြစ်လာတယ်” ဟု မမို့မို့နေဝင်းက ပြောသည်။
ဒို့အိမ် အဖွဲ့ သည် Buiding Markets နှင့် ပူးပေါင်း၍ စွန့်ပစ်အမှိုက်များ လျော့ကျစေရေးအတွက် မြန်မာ့ပထမဆုံး စွန့်ပစ်အမှိုက်အိမ်ကို စမ်းသပ်ကာလအဖြစ် ၃၅ လမ်း ဘားလမ်း၊ နောက်ဖေးလမ်းကြားဥယျာဉ် နှင့် ၃၁ လမ်း ၊ ၃၂ လမ်း နောက်ဖေးလမ်းကြား ဥယျာဉ်တို့တွင် ပြုလုပ်ထားသည်။
“ အမှိုက်စို ၊ အမှိုက်ခြောက် စနစ်ကို ကျနော်တို့ က ဒို့အိမ်အဖွဲ့ နဲ့ ကမ်ပိန်းလေး လုပ်တယ်။ ဒို့အိမ်ကလည်း အမှိုက်ပုံးတွေ ဝေငှတော့ လူတွေက ပထမတော့ မသိကြဘူး။ နောက်တော့ ပစ်တဲ့အပေါ် အသုံးပြန်ချနိုင်တော့ နားလည်လာတော့ အင်တိုက်အားတိုက် ပါဝင်လာကြပါတယ်။ အမှိုက်ခွဲခြားပစ်တော့ ဓါတ်မြေသြဇာပိုင်း သုံးလိုရတယ်။ ပြန်ပြီး Recycle အသုံးအဆောင်ပစ္စည်းတွေ လုပ်လိုရတယ်သိလာတော့ သူတို့အနေနဲ့ ဗဟုသုတရသွားတယ်။ စည်းမဲ့ကမ်းမဲ့ ပစ်တာတွေပါ အလိုလို ထိန်းချုပ် ပြီးသား ဖြစ်သွားပါတယ်။ အသိပညာပေးဖို့ လိုအပ်ပါသေးတယ် “ ဟု ပန်းဘဲတန်းမြို့နယ်အတွင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည့် ဦးဖုန်းမော် က ပြောသည်။
ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက်တန်ချိန် ၂၅၀၀ ထွက်ရှိနေပြီး လူတစ်ယောက်၏ နေ့စဉ်အမှိုက်စွန့်ပစ်မှု မှာ ၀ ဒသမ ၄၀၃ ကီလို ရှိကြောင်း သိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/