၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (၃)ပွဲကစားပြီးချိန်မှာ ရလဒ်များဆိုးရွားခဲ့တာကြောင့် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ရာဂျူလိုဗစ်ကို နှစ်ဖက်သေဘာတူညီချက် (Mutual Agreement) စာချုပ်ဖျက်သိမ်းပြီး ဂျာမန်နည်းပြ အန်တွမ်နီဟေးကို ခန့်အပ်တာဝန်ပေးသွားမယ်လို့ သိရပါတယ်။
၂၀၂၃ အာရှဖလားခြေစစ်ပွဲအောင်မြင်ရေး ရည်မှန်းချက်နဲ့ မြန်မာဘောလုံးအဖွဲ့ချုပ် (MFF)က ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ လက်ဘနွန်နည်းပြဟောင်း ရာဂျူလိုဗစ်ကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
မြန်မာဘောလုံးအသင်းသမိုင်းတစ်လျှောက်မှာ လစာအများဆုံးပေးထားရတဲ့ လိုဗစ်လက်ထက်မှာ မြန်မာ့လက်ရွေးစင်အသင်းဟာ (၄)ပွဲဆက်တိုက် နိုင်ပွဲများ ပျောက်ဆုံးနေခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲမှာ (၃)ပွဲစလုံး ရှုံးနိမ့်ခဲ့သလို ရဂိုးလည်း (၁)ဂိုးမှ မရှိခဲ့ပေ။
ဒါ့ကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်းစနစ်ကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ မြန်မာအသင်း ယှဉ်ပြိုင်ခဲ့မှုတွေကို ပြန်လည်လေ့လာသုံးသပ်ခဲ့ပြီး အခုလို နည်းပြ လိုဗစ်ကို စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့တာပါ။
့လက်ရွေးစင် နည်းပြဟောင်း အန်တွမ်နီဟေး လက်ထက် မြန်မာအသင်းသည် ရလဒ်ကောင်းများရရှိခဲ့ပြီး ၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ အီရန်လိုအသင်းမျိုးကို အနိုင်ယူခဲ့သလို ၂၀၁၈ ဆူဇူကီးပြိုင်ပွဲမှာ အုပ်စုမှ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေမယ့် အသင်းကို ရမှတ် (၇)မှတ်ထိ ရရှိေအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြဖြစ်ပါတယ်။
နည်းစနစ်ကော်မတီက အသစ်ပြန်လည်ခန့်အပ်မယ့် နည်းပြ အန်တွမ်နီဟေး၏ လက်ထောက်နည်းပြအဖြစ် ဦးကြည်လွင်ကို ခန့်အပ်တာဝန်းပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။