မေတို့ကမ္ဘာ နိုင်ငံလုံးဆိုင်ရာကျေးလက်အမျိုးသမီးများကွန်ယက်၏ နှစ်ပတ်လည်ညီလာခံ ကျင်းပ
*************
မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသမှာနေထိုင်တဲ့အမျိုးသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေကို ဆောင် ရွက်နေတဲ့ မေတို့ကမ္ဘာနိုင်ငံလုံးဆိုင်ရာကျေးလက်အမျိုးသမီးများကွန်ယက်ရဲ့ (၄) ကြိမ်မြောက်နှစ်ပတ်လည် ညီလာခံကိုအောက်တိုဘာလ ၁၆ ရက်နေ့ မနက်ပိုင်းကရန်ကုန်မြို့ M3 Food center မှာကျင်းပခဲ့ပါတယ်။
ယခုကျင်းပတဲ့ ညီလာခံကိုတိုင်းနဲ့ပြည်နယ် ၈ ခုကအဖွဲ့ဝင် ၁၃၀ ကျော် တက်ရောက်ခဲ့ပြီး ကျေးလက်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီးတွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ သူတို့ကြုံတွေ့နေရတာတွေကိုအပြန်အလှန်တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။
ရိုက်ကူးတည်းဖြတ်- နောင်နောင်