ထိုင်းနိုင်ငံ တောင်ပိုင်းက Krabi မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က အရှည် (၄)မီတာ (၁၃ ပေ)ရှိတဲ့ တောကြီးမြွေဟောက်ကြီးတစ်ကောင်ကို တိရစ္ဆာရန်ကယ်ဆယ်ရေးဖောင်းဒေးရှင်းတစ်ခုရဲ့ အဖွဲ့ဝင်တွေက ရေဆိုးပိုက်တစ်ခုထဲကနေ ခက်ခက်ခဲခဲ ဆွဲထုတ်ပြီး ကယ်ဆယ်ခဲ့ပါတယ်။ အဆိုပါတောကြီးမြွေဟောက် ဖမ်းဆီးမှုကို အချိန်တစ်နာရီလောက် လုပ်ဆောင်ခဲ့ရပြီး ၎င်းတို့ ဖမ်းဆီးဖူးခဲ့သမျှ မြွေတွေထဲမှာ အကြီးဆုံးအကောင်ဖြစ်တယ်လို့ ကယ်ဆယ်ရေးဖောင်ဒေးရှက်းက အောက်တိုဘာ ၁၅ ရက်နေ့က ပြောပါတယ်။
(ဓာတ်ပုံ - KRABI PITAKPRACHA FOUNDATION/AFP)