အောက်တိုဘာ ၇ ။ ။ အမေရိကန်ပြည်ထောင်စု ကန်ဆက်မြို့ရှိ ဘားတစ်ခုမှာ အောက်တိုဘာ ၆ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပြီး လူ လေးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ မက္ကဆီကိုနှစ်ဦးလည်း ပါတယ်လို့ ဆိုပါတယ်။ ယင်းဖြစ်စဉ်မှာ အခြား လူငါးဦးလောက်လည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ယင်းပစ်ခတ်မှုကတော့ Tequila KC ဘားမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ “ဒီပစ်ခတ်မှုမှာ လူ ကိုးဦးအထိ အပစ်ခံခဲ့ရတာဖြစ်ပါတယ်” လို့ ကန်ဆက်မြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ယင်း ဘားဆိုင်မှာ ကနဦး အငြင်းပွားမှု ရန်ပွဲတစ်ခုကနေတဆင့် ခုလို ပစ်ခတ်မှုကို ဦးတည်သွားစေခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ဒီဖြစ်စဉ်မှာ သေနတ်ကိုင်ဆောင်ခဲ့သူ သံသယရှိ လူနှစ်ဦးဟာလည်း အခင်းနေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့ကတော့ အဆိုပါ သံသယရှိ နှစ်ဦးရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ထားပြီး ၎င်းတို့ကို ရှာတွေ့နိုင်ဖို့ လိုက်လံရှာဖွေနေတယ်လို့လည်း သိရပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/